သတင်းများ

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက်
Nov 11,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့လမ်းဆုံသို့ သွားရောက်၍  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Nov 11,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခြင်းများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်မှ စတင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲကျင်းပ
Nov 11,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်ကျောင်း အမှတ်(၂၀)တို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီရေးဆွဲသည့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သံပုယိုသီး တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွာရေး တစ်ခုအဖြစ် အဓိကထားပြီး လုပ်ကိုင်ကြရာ ယခုအခါတွင် သံပုယိုသီးအပင်များကို တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်  မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
ရွှေတောင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် အထက်ပြည်သူ များအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် (၁၀၂) နှစ်မြောက်အ မျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်နှင့်ဝန်ထမ်းများ၊ အမှတ် (၃) အခြေခံပညာ မူလတန်း (လွန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မိတ္ထီလာ၌ (၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 11,2022
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁ဝ၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီ အချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပကြောင်းသိရသည်။