ဗဟန်း နိုဝင်ဘာ ၁၄
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပပေးလျက်ရှိရာ အနုပညာရှင်တက်သစ်စလူငယ်များ လမ်းမှားမရောက်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းတောင့်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လေ့လာရာတွင် မူးယစ်ဆေးဝါးပြတိုက်အတွင်း ပြသထားသည့် အကြောင်းအရာများကို အသိပညာဗဟုသုတရဖွယ် ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲဝင်များနှင့် မိသားစုများ စုစုပေါင်း(၁၈)ဦးသွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး