ကမမောင်း နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမမောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူက နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲတွင်ဆုရရှိသူများအား ဖာပွန်ခရိုင် ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ ကမမောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူနှင့်တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားသို့ ဖာပွန်ခရိုင်ပညာရေးမှူး၊ ကမမောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)