တကောင်း နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်ခြင်းကို နိုဝင်ဘာလ (၁၆)ရက်နေ့တွင် မြို့မ (အ.လ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့မ (အ.လ.က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒု-လက်ထောက်အလယ် တန်းပြဆရာမ ဒေါ်ဆောင်ဉမ္မာလွင်မှ အမျိုးသား နေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်မှ စာပေမှရရှိသည့် အကျိုးကျေးဇူးများအားလည်းကောင်းအသိ ပညာပေးပြောခဲ့ကြသည်။
ဆက်လက်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သီရိ