အထက်မင်းလှ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက ကန်ကျောကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မိဘပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများပူး ပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ များအား မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများနှင့် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုး မှုလျာထားချက်ပြည့်မီရေး ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမြတ်သူက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေးနှင့်ရပ်ရွာလုံခြုံရေးတို့အား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများမှ သိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)