ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask-Campaign ပြုလုပ်

ဒေးဒရဲ  ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊   မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ နှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်နည်းများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ပါးစပ်၊ နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း