မိုင်းငေါ့ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.မ.က ကျောင်းသို့ရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိရေး စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် မူလတန်းအဆင့် KG ကလေးငယ် ကျောင်းသား/ကျောင်းသူလေးများအား စာရေးဆရာလင်းသက်ခိုင် ရေးသားထားသော “ကျန်းမာသန့်ရှင်းရောဂါကင်းဖို့” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)