ညောင်တုန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်၊ တောရကျောင်းတာပေါ်၌ ပေးအပ်ခဲ့သည်။
ထိုသို့ ဖြန့်ဖြူးပေးအပ်ရာတွင် မြို့နယ် ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးနှင့် ဝန်ထမ်းအများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၀) အုပ်စုမှ တောင်သူ (၅၄၃) ဦးအတွက် နွေစပါးစိုက်ပျိုးရာတွင် အသုံးပြနိုင်ရန်အတွက် ယူရီးယားဓာတ်မြေဩဇာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)