မော်လိုက် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တပ်နယ်တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်း ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ သူများက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာရိတ္တ၊ လူလူငယ်နှင့်အားကစား၊ လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ သူလေးများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ ကျောင်းသား/ သူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး (ပြန်/ ဆက်)