သတင်းများ

ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့​၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေကျပ် ၄၄၈ ဒသမ ၄၄ သန်းဖြင့် ကန့်ဘလူမြို့  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မူလလမ်းကိုချဲ့၍ ကတ္တရာခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ Box Culvert များတည်ဆောက်ခြင်း၊ မြို့ရေပေးရေးပိုက်လိုင်းများနှင့်ဂိတ်ဘားများ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ဆီနှင့်  ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
May 31,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်း သား၊ ကျောင်းသူများအား ဆန်၊ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ကမမောင်းမြို့၊ အုန်းတောဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူ နိုင်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်မျိုးလွင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက်
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူပေါင်း (၁၇၉၄၈)ဦး လာရောက်ကျောင်းအပ်နှံပြီးဖြစ်
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်‌နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ (Kg) အတန်းမှ ဧကာဒဿမတန်းအထိ ကျောင်းသား/သူများ အား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ ကျောင်းသား/သူ စုစုပေါင်း (၁၇၉၄၈)ဦးထိ လာရောက် ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်
May 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 31,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Shield)  နှင့် Sinovac များအား   First dose ၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်‌၊ ဟေမဝန်ဓမ္မာရုံတို့၌  ဆက်လက် ထိုးနှံဆောင်ရွက်ပေးကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 31,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။