သတင်းများ

ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
May 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                         
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတပေါ ကြွယ်ဝရေး၊ ငါးစားသုံးမှု ဖူလုံစေရေးအတွက် ငါးမျိုးစိုက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရမ်းညောင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိရာ ယနေ့နံနက် (၉:၀၀)နာရီတွင် ရန်ကုန်အရှေပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊  အောင်ကျော်ခန်းမ၌
ပွင့်ဖြူမြို့နယ်၌ ခရမ်းစိမ်းသီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
May 30,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး စားဖိုဆောင်သီးနှံမျိုးစုံကို မိသားစုအပိုဝင်ငွေ တိုးပွားစေရေးအတွက် (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အဆိုပါ စားဖိုဆောင်သီးနှံများတွင် ခရမ်းစိမ်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က (၁)အင်းစိန်၊ ဧရာဝတီခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံခန့်ခွဲမှု(အရာထမ်းလောင်း)သင်တန်းအမှတ်စဉ်(၈/၂၀၂၂) ဖွင့်ပွဲအခမ်း အနားကျင်းပ
May 30,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံခန့်ခွဲမှု (အရာထမ်းလောင်း)သင်တန်းအမှတ်စဉ်(၈/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစအချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။