သတင်းများ

ကျောက်ဆည်မြို့တွင် မွေးကင်းစအရွယ်မှအသက်(၁၀) နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံပေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးကင်းစအရွယ်မှအသက်(၁၀)နှင့်အတွင်းရှိကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကောက်ကွက် (၇)ကွက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Jan 10,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို၊ ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပသည်။
နတ်မောက် အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jan 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့တွင် (Book Club)အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ရွှေရောင်မနက်ဖြန်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ပန်းထိန်းကျေးရွာ၌ ခရမ်းချဉ်သီးစိုက်ပျိုးရောင်းချပြီး မိသားစုစီးပွားရေးအဆင်ပြေ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင် တည်ရှိ၍ ကျေးရွာတောင်သူများက လယ်ယာလုပ်ငန်း၊  ဥယျာဉ်ခြံမြေလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပန်းထိန်းမန်းချောင်းဘေးနှင့် ကိုင်းမြေများတွင် မန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးပြု၍ ခရမ်းချဉ်နှင့် ဆောင်းရာသီဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရောင်းချပြီး  မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးရောင်းချသူ ပန်းထိန်းကျေးရွာမှ တောင်သူ ဒေါ်လှလှအေးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿ ၂၀၀၀ ကျပ်ရောင်းချနေရ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် (တမံ)ပတ်ဝန်းကျင်ကျေးရွာများသည် ခရမ်းချဉ်အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများ ဖြစ်ကာ ခရမ်းချဉ်စိုက်တောင်သူများ ခရမ်းချဉ်ပေါ်ချိန် တစ်ပိဿ ၂၀၀၀ ကျပ်ရောင်းချနေရခြင်း ကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများတွက် ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ် စိုက်တောင်သူ ဦးနေမျိုးထွန်းထံက သိရသည်။