မောက်မယ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းဆက်လက်စာရင်းကောက်ယူ

မောက်မယ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မြေပြင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများနှင့် ဆက်စပ်ဌာနဝန်ထမ်းများကပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတစ်အိမ် တက်ဆင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ခြင်းလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေစာရင်းအချက်အလက်များကို မောက်မယ်မြို့နယ် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဦးစီးဌာန e-ID ဆော့ဝဲရေးသွင်းထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ စာရင်းကို ပြည်သူ့လက်ဝယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆အား မြေပြင်ကွင်းဆင်းကာ အဖွဲ့(၁၇)ဖွဲ့ ဖွဲ့စည်းထားရှိပြီး အိမ်ထောင်စုပေါင်း(၈၆၁၅)စုအတွက် အမှန်နေထိုင်ကြသူများ၏ လူဦးရေစာရင်းများအား တစ်အိမ်တက်ဆင်းစာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်၊ အတွင်းရေးမှူး ဦးငွေထွန်းနှင့် အဖွဲ့ဝင်များတို့က လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။                                                                

စိုင်းမျိုးသန့်(မောက်မယ်)