သတင်းများ

ရွှေကျင်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံ‌ရေး အခမ်းအနားကျင်းပ
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က အ-ထ-က (ရွှေကျင်) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်
May 30,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) အား ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) မှ မွန်းလွဲ (၂:၀၀) အထိ ၇/အနောက်ရပ်ကွက်၊ ဇိနမာရ်အောင်စေတီတော်ဝင်း၊ ၂/တောင်ရပ်ကွက်၊ ရန်အောင်မြင်ဓမ္မာရုံ၊ ၁၀/တောင် ရပ်ကွက်၊ (၁၀၈) တောင်ဘုရားဝင်း စသည့်ဆေးထိုးစုရပ်များ၌ အသက် (၁၅) နှစ်မှအသက် (၁၈) နှစ်ကြား ရှိပြည်သူများ၊ အသက် (၁၈) နှင့် အထက်ရှိသော ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်လျက် ရှိသည်။
ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃)ကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ
May 30,2022
စီမံကန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရှမ်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော ရှမ်းပြည်နယ် အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့် လက်လီရောင်းဝယ်ရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) ကောက်ယူရေးသင်တန်းဖွင့်ပွဲကို မေ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်တွင် ထနောင်းပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၈၃ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ယနေ့နံနက် (၁ဝ) နာရီအချိန်က လုံးပတ် ၅ ပေပတ်လည် အမြင့်ပေ ၄၀ ခန့်ရှိ ထနောင်းပင်ပြိုလဲ၍ ကား (၃) စီးပေါ်တွင် ပိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်ပွဲကျင်းပ
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၌ (မြို့နယ်လုံးကျွတ်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ (မြို့နယ်လုံးကျွတ်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
နောင်ချိုမြို့နယ် ဆင်လမ်းစုကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ (၁၂၀’×၃၀’)အရွယ်အစား ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2022
နောင်ချိုမြို့နယ်ဆင်လမ်းစုကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း စေသနာအဖွဲ့တို့မှ ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်းဆောက်လုပ်ပြီးစီးသော (၁၂၀’×၃၀’) အရွယ် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။