သတင်းများ

ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
ချောင်းဆုံမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း (ချောင်းဆုံ) ကျောင်း၊ သီရိရတနာခန်းမ၌ ယနေ့ နံနက်အချိန်က (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချောင်းဆုံမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးသိုက်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ချောင်းဦးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်
Jan 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်နှင့် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို ချောင်းဦးမြို့နယ်အတွင်းရှိ မြို့မ ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ရွှေမောင်းဂွက်အုပ်စုနှင့် အောင်သပြေအုပ်စုတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Jan 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရွှေမောင်းဂွက်အုပ်စုနှင့် အောင်သပြေ‌ကျေးရွာအုပ်စုတို့တွင် ‌ယမန်နေ့နံနက် ၉ နာရီက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌  အိမ်ထောင်စုလူဦးရေစာရင်း ဒုတိယနေ့ ဆက်လက်ကောက်ယူ
Jan 10,2023
မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
လှည်းကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ် အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၁၀)နာရီက အထက(လှည်းကူး) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာနတ်ရှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
သီပေါမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jan 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအား ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။