ပုံပါကျင် ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်များကို ယမန်နေ့ ညနေပိုင်း အချိန်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသူကျောင်းသားများကိုစာဖတ်သည့် အလေ့ကျင့်ကောင်းများရှိလာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးလာစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် မူလတန်းအဆင့်ကျောင်းသူ ကျောင်းသားများပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိသည့် အဖွဲ့များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူနိုင်(ပြန်/ဆက်)