သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး (RS) နှင့်သဘာဝမြေဩဇာများထောက်ပံ့
Jun 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်က လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်
Jun 19,2022
မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ ညနေပိုင်းက မေတ္တာမြို့ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်
Jun 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့အတွက် ယနေ့နံနက်(၉)နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများအားခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
Jun 19,2022
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရေးအတွက် ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မိုးရာသီတွင် မျိုးစပါးများဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနှစ်ဖြင့်ပျိုးထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ
Jun 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏လယ်မြေ၌ တောင်သူများအား မျိုးစပါးဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်
Jun 19,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။
ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ
Jun 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယမန်နေ့နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 19,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပိုင်းကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လှိုင်းဘွဲ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။