သတင်းများ

ရမည်းသင်းမြို့နယ်၌ လူထုလှုပ်ရှားမှုမြို့ဝင်၊ မြို့ထွက်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး မြို့ဝင်၊ မြို့ထွက်၌ အရိပ်ကအပင်များအား ဌာနဆိုင်များနှင့် လူမှုရေးအသင်အဖွဲ့များပူးပေါင်းကာ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။    
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂)ဖွင့်လှစ်
Jun 18,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skil Training) ပင်လယ်ငါးဖမ်းရေ လုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံး၌ ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jun 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။   
အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး
Jun 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေ စေရေးနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ စီစဉ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က ဌာနရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင် အ​ခြေခံစား​သောက်ကုန်များ ဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
မော်လမြိုင်ခရိုင် သဘာ၀သယံဇာတများ၏ အရေးပါမှုအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Jun 18,2022
မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀သယံဇာတများ၏ အရေးပါမှုအကြောင်း  အသိပညာပေး(TalkShow)ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
မြို့သန့်ရှင်းသာယာလှပရေး အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်၍ သံတွဲမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၊ အထက(၂)နှင့် အထက(ခွဲ)င/ ကျော်တောင်ကျောင်း ခြံဝင်းများအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်၂၀၂၂ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ဝမ်းတွင်းမြို့ အဝင် ရန်ကုန်-မန္တလေးကားလမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူ ပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျော့ချနိုင် ရေးတို့အတွက် ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းအတွင်း ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။