သတင်းများ

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် တ‌ယောသင်တန်းဆင်းပွဲပြုလုပ်
Jul 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းရှိ လူငယ်များက ဦးဆောင်ဖွင့်လှစ်သည့် တယာသင်တန်း ဆင်းပွဲကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ဇိုင်းယာန်း နှစ်ခြင်းဘုရားကျောင်းခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jul 06,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ် မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆေးထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအ သိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်
Jul 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင်ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းဖွင့်လှစ်
Jul 06,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းကို ယမန်နေ့ညနေပိုင်းက ဌာနယာဉ်မောင်းစစ်ဆေးရေး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ထက် ပြည့်မီကျော်လွန်ရေး ကြိုးစားစိုက်ပျိုး
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစား ထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။
မုဒုံမြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jul 06,2022
ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်သည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်နှိုးဆော်
Jul 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေး နှိုးဆော်ခြင်းများကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။