ကျိုက်ထို ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေပေးအပ်ရာသို့ ကျိုက်ထိုမြို့နယ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ကော်မတီဝင်များ တက်ရောက်ပြီး ကျိုက်ပိကျေးရွာ(စုမြတ်) လယ်ယာနှင့် အထွေထွေသမဝါယမအသင်းအတွက် ရန်ပုံငွေကျပ်သိန်း (၃၀၀) ကျပ်အားလည်းကောင်း၊ ကျိုက္ကသာကျေးရွာ (သာယာဦး) သမဝါယမအသင်းအတွက် ငွေကျပ်သိန်း(၃၀၀)ကျပ်အားလည်းကောင်း ကံ့ကော်ရပ်ကွက် (ပြည့်အားမာန်) မွေမြူရေးနှင့် အထွေထွေသမဝါယမအသင်းအတွက် ငွေကျပ်သိန်း (၃၀၀)ကျပ်အားလည်းကောင်း သက်ဆိုင်ရာ သမဝါယမအသင်း ကိုယ်စားလှယ် များထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်