Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လားရှိုးမြို့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် စာအုပ်အသစ်များထပ်မံရောက်ရှိလာပြီး စာချစ်သူများ စိတ်ဝင်တစားလာရောက်ဝယ်ယူ
Jun 29,2023
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ဖွင့်လှစ်ထားသည့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် နောက်ဆုံးထုတ်စာအုပ်အသစ်များ ထပ်မံရောက်ရှိလာပြီး စာချစ်သူများ လာရောက် အားပေးဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Jun 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်ကျောင်းတို့တွင် သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန် အလှူတော်ငွေ ကျပ်သိန်း ၃၀ လှူဒါန်း
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ယမန်နေ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လှူဒါန်းရာတွင် တိပိဋကကောဝိဒ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝိရိယာနန္ဒအရှင်သူမြတ်မှ အလှူတော်ငွေကျပ်သိန်း (၃၀) ကိုပေးပို့၍ လှူဒါန်းခဲ့ရာမြို့နယ် သံဃနာယကဥက္ကဋ္ဌ ခြေမြစ်ပင်ကျောင်းဆရာတော်မှ လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ ”အခမ်းအနားကျင်းပ
Jun 29,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်
Jun 29,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၇ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်
Jun 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု၊ တောင်သူဒေါ်တင်လှိုင်၏ ကွင်းအမှတ် ၁၈၄၂( ခ )၊ ဦးပိုင်အမှတ် (၂၅ /၃) လယ်မြေ (၁၄)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုများရှိ မိုခါမုန်တိုင်းဒဏ် သင့်ပြည်သူများအား ကယ်ဆယ်ရေးရိက္ခာဆန်များ ထောက်ပံ့ပေးအပ်
Jun 29,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုနေ ပြည်သူများအတွက် ကယ်ဆယ်ရေးရိက္ခာ ဆန်များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်သင်္ဘောဆိပ်၌ ပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာများ တက်ရောက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jun 29,2023
မွန်ပြည်နယ်အတွင်းအခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10731
Page
10732
Page
10733
Page
10734
Current page
10735
Page
10736
Page
10737
Page
10738
Page
10739
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department