သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jun 29,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန်ဆုပေးအပ်
Jun 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျာင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio ) တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဟိုပန်၌ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jun 29,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟိုပန်)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်းသူ (၉၁) ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ်
Jun 29,2023
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၉၁)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် အပတ်စဉ် (၂၈)ပထမနှစ် (ဒုတိယအသုတ်) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သင်တန်း သူ(၆၀)ဦးတို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲတက်ရောက်
Jun 29,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ဇွန်(၂၈)ရက်နံနက်(၁၀)နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး၊ ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ
Jun 29,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 29,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် မွန်းတည့်(၁၂)နာရီက ဆိုက်ခေါင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။