သတင်းများ

ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲအခမ်းအနားကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြိုနယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ငဖဲမြို့နယ်တွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ် ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ် တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီက ငဖဲမြို့မဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၂၁)ဧကစိုက်ပျိုးမည်
Jul 03,2023
တံတားဦခရိုင်၊ တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်ဒေသအလိုက် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုမိုးစပါး(၁၂၁)ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈)နာရီ အချိန်က မက်မန်းမြို့နယ် အောင်တော်မူလာဘစင်္ကြာမုနိ ကမ္ဘာလုံးဘုရားဝန်းအတွင်း၌ စိုက်ပျိုးခဲ့သည်။
မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား
Jul 03,2023
မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်းနှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲ အခမ်းအနားကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြိုနယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကံမမြို့ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း နှင့် ရေလှောင်ကန်လှူဒါန်းခြင်း ရေစက်ချပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
သံတွဲမြို့ အ.ထ.က (၁)ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံ
Jul 03,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီမှစ၍ အ.ထ.က(၁)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။