သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်
Jul 05,2023
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများမှမိသားစုတစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် ဒေသခံမွေးမြူရေး တောင်သူများအား တိရစ္ဆာန်အစာအဆင်ပြေစွာ ကျွေးမွေးနိုင်စေရေးအတွက် တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ကျင်းပသည်။
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဗဟုသုတ တိုးပွားလာစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ လက်ရက်ကန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Jul 05,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ၂၀၂၃ ပညာသင်နှစ် (ပထမအကြိမ်) လက်ရက်ကန်း (၆)လ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ဟိုင်းကြီးကျွန်းမြို့၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင်၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂) နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 05,2023
မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်စေရေးအတွက် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ ပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ “(၇၆) နှစ်မြောက်အာဇာနည်နေ့” အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် “(၇၆)နှစ်မြောက် အာဇာနည်နေ့ ” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာအုပ်/စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။