ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်
Jul 05,2023
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများမှမိသားစုတစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် ဒေသခံမွေးမြူရေး တောင်သူများအား တိရစ္ဆာန်အစာအဆင်ပြေစွာ ကျွေးမွေးနိုင်စေရေးအတွက် တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ကျင်းပသည်။