သတင်းများ

သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာစိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
Jul 25,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်ကသဲစု(အ.မ.က)တွင်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်ဟောပြောပွဲ ဆောင်ရွက်
Jul 25,2023
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့်   အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန် ၊စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာမူလတန်း ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပရိယတ္တိသာသနဟိတအသင်း၏ (၁၁၇) ကြိမ်မြောက်နယုန်လ သီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ် ဆက်ကပ်ပူဇော်
Jul 25,2023
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ပရိယတ္တိသာသနဟိတအသင်း၏ ၁၃၈၅-ခုနှစ်၊(၁၁၇) ကြိမ်မြောက် နယုန်လ ရဟန်းတော်များသီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်း စိန်ရတုခန်းမဆောင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်။
သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jul 25,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobileမော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ကလိန်အောင်မြို့၌ ဈေးကွက်ဝင် နဂါးမောက်သီး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Jul 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် ဈေးကွက်ဝင်သီးနှံတစ်မျိုး နဂါးမောက်သီးပင်များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
တောင်ငူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌ ပန်းတိမ်မနိုင်ပန်းစိုက်သူများဝင်ငွေကောင်း
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပန်းတိမ်မနိုင်ပန်းများကို မြို့လုံးကျွတ်နီးပါးအိမ်ခြံဝင်းများတွင်လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်ကတည်းက စိုက်ပျိုးလာခဲ့ကြပြီး ဒေသထွက်ကုန်တစ်မျိုးအဖြစ် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ယခုနှစ်ပန်းဦးပေါ်ချိန်က တစ်ခိုင်လျှင် ၅၀၀ ကျပ်အထိ စျေးရရှိခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။