ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ဖားဆောင်းမြို့၊ မြို့လည်လမ်းဆုံမီးပွိုင့်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။