ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့်​ ဒေသခံပြည်သူများနှင့်​ တွေ့ဆုံ ကွင်းဆင်း​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်​မြေလုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးလိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့် ​ဒေသခံပြည်သူများနှင့် ​တွေ့ဆုံပြီး ပြည်သူလူထု၏ လိုအပ်ချက်များ ​ဆောင်ရွက်​ပေးနိုင်ရန် ယမန်​နေ့က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်​ပေါ်​ကျေးရွာရှိ ​ဒေသခံပြည်သူများအား ​အဆိုပါ ကျေးရွာခန်းမ​ဆောင်၌​ သွား​​​ရောက်​တွေ့ဆုံ ​ဆွေး​နွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ​ဆောင်ရွက်​ပေးခြင်းတို့ကို ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖားဆောင်းမြို့ မွေတော်ပရိယတ္တိတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ဘုရားပရဝဏ်အတွင်းခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ အုတ်၊ သဲ၊ ကျောက်များသယ်ခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ ၊  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော် မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လွိုင်ကော်မြို့  မင်းစုမီးပွိုင့်၌ ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် ၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ဖွင့်လှစ်

အခြေခံကွန်ပျူတာအသုံးချသင်တန်းအပတ်စဉ်(၂၃)ကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ ယနေ့နံနက် ၉ နာရီအချိန်ကဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးစောဟူးဟူး ကွန်ပျူတာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများထောက်ပံ့လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘောလခဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ဖားဆောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလသံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများအား ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ပြည်နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကယားပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများ ပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ သင်တန်း ကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်