ကယားပြည်နယ်

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွှဲပိုင်းက လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘောလခဲမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများ ကိုယ်ဗစ်(၁၉)ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။

မယ်စဲ့မြို့နယ်ပေါ်ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဖြန့်ဝေ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်ရေပေးဝေခြင်းလုပ်ငန်းများ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ရေဖြန့်ဝေနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် နန်းဟူးကုန်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက နန်းဟူးကုန်းကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖား​ဆောင်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် ​ကျောင်းသား၊ သူများအား ပန်းခင်းစီမံချက်အဆင့်-၂ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်​ပေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများနှင့်​ကျောင်းသား၊​ ကျောင်းသူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​ရေးအတွက် နိုင်ငံသားစိစစ်​ရေးကတ်ပြားမရရှိ​သေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့်

ဖားဆောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြသည်။

လွိုင်ကော်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (Word Rabies Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြား ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး တတိယအကြိမ်ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်မှ(၁၈)ကြားရှ ိကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတတိအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က အဆိုပါအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်း

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းနေမှုကို ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်