ကယားပြည်နယ်

Covid - 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော Cash for work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်

ရှားတောမြို့နယ်၌ မိုးသီးနှံမိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မိုးသီးနှံ မိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ပိုင်းရပ်ကွက် နတ်စင်ကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး Online မှတဆင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင်ယနေ့နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်း ပပျောက်ရေးအတွက် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြော်ငြာစဉ် လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာပြီး ဩဂုတ် ၁၄ ရက်အထိ ထပ်တိုးကြေညာသော်လည်း စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု သူ နည်းပါးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၁၄)ရွာသို့ အိမ်တိုင် ရာရောက် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်