ကယားပြည်နယ်

မယ်စဲ့မြို့နယ်ရှိ သယာကျေးရွာသို့ အခြေခံမဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့များ ဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့က သာယာကျေးရွာသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ်၊ နားအွမ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသော မဲဆန္ဒရှင်များအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု နားအွမ်ကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသော မဲဆန္ဒရှင်ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရေးအတွက် ရှားတော မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရှားတောမြို့နယ် အတွင်းရှိမဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်တွင် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆို မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းအချိန် တွင် မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

ဘောလခဲမြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာများအရောက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ၌ ဘောလခဲမြို့နယ်အတွင်း ကေျးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ်(၈)ရက်မှ (၁၁)ရက်‌နေ့အထိ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဖရူဆိုမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်

တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ကြံခိုင်မှု ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်