ဖရူဆို ဩဂုတ် ၁၃
ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက (Covid-19)ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင် ရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး လုပ်ငန်းကို ယမန်နေ့က မိုဆိုကျေးရွာအုပ်စု၊ ရာဧပရားကျေးရွာအုပ်စု နှင့် ဟိုယာကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့နှင့် ဝန်ထမ်း များက (Covid-19) ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုပြုကြရန်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် မိမိ ပတ်ဝန်းကျင်ကို သန့်ရှင်း သာယာရေး ဆောင်ရွက်ထားရှိနိုင်ရန် နှင့် ရာသီဉတု ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ် တတ်သော သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းများကို မိုဆိုကျေးရွာ အုပ်စု (မောသီသို ကျေးရွာ) ရာဧပရား ကျေးရွာအုပ်စု (ရာဧပရားကျေးရွာ)၊ ဟိုယာကျေးရွာအုပ်စု ( ဟိုယာကျေးရွာ နှင့် ထေခိုကျေးရွာ) တို့တွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေး လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)