ဘောလခဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါပလက်ဖောင်းပြုလုပ်ခြင်း ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ဘောလခဲ မြို့ဖွံ့ဖြိုး တိုးတက်သာယာလှပရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် lot (33) ဘောလခဲမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါ ပလက်ဖောင်းပြုလုပ်ခြင်းဆောင်ရွက်ခြင်းကို ၂၀၂၀ မေလ (၂၈)ရက်နေ့က စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။