ဖရူဆို သြဂုတ် ၁၄
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work ) စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ ညွှန်ကြားရေးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်၊ ဒုတိယ ပြည်နယ်မှူး ဦးထွန်းချစ်၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ် ဦးစီးမှူး ဒေါ်ဖြူစင်သန့် နှင့် ဝန်ထမ်းများက Covid-19 စီးပွားရေး ကုစားမှု အစီအစဉ် Cash for work (CFW) စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်နေသည့် ဖရူဆိုမြို့နယ် ဒိုးပရယ် ကျေးရွာအုပ်စု ထီးဒူလယ်ကျေးရွာနှင့် ဝယ်သူတော်ကျေးရွာ ၊ မြို့မကျေးရွာအုပ်စု ထီးကလူဒေါ ကျေးရွာတို့မှ ကျေးရွာတွင်း အမာခံလမ်းခင်းခြင်း လုပ်းငန်းများကို ကွင်းဆင်းစစ်ဆေး ပြီး ၄င်းလုပ်ငန်းများအား အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)