ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၂၅)ဦးရှိပြီးဖြစ်

ကယား နိုဝင်ဘာ ၁၇

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၀၃)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၅)ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၇)ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၇)ဦး၊ ရှားတောမြို့နယ်ရှိ (PMC)များတွင် (၇)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၅) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၆၀၁)ဦး၊ ဆေးရုံဆင်း လူနာ(၅၀၂၂)ဦးရှိပြီး ယနေ့တွင် သေဆုံးလူနာ(၂)ဦးမှာ လွိုင်ကော်မြို့နှင့် ဖယ်ခုံမြို့မှဖြစ်ပြီး ယနေ့အထိ သေဆုံးလူနာစုစုပေါင်းမှာ (၂၁၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၆) ဦး၊ Positive Medical Centre များတွင် (၂၆)ဦး၊ ဘောလခဲမြို့နယ်တွင် (၇၄)ဦး၊ ဖားဆောင်း မြို့နယ်တွင်(၄၅)ဦး၊ မယ်စဲ့မြို့နယ်တွင်(၄၃)ဦး၊ ရှားတောမြို့နယ်တွင်(၁၀၅)ဦးနှင့် မိုးဗြဲ ဆေးရုံတွင်(၁)ဦး၊ စုစုပေါင်းလူနာ (၃၆၀)ဦးတို့အား ကုသပေးလျက် ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)