ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၆၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၆၃၆)ဦး ရှိကာ ယနေ့သေဆုံးလူနာမရှိ

ကယားပြည်နယ် နိုဝင်ဘာ ၁၂

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၁)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၄၄၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၆၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၆၃) ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၆) ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၁)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင်(၅)ဦး၊ ရှား​တောမြို့နယ်ရှိ (PMC)များတွင် (၄၃)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦးနှင့် မယ်စဲ့မြို့နယ်​ဆေးရုံတွင်(၅)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၆၃) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၄၆၇)ဦး၊ ဆေးရုံဆင်း လူနာ(၄၆၃၆)ဦးရှိပြီး ယနေ့တွင် သေဆုံးလူနာမရှိဖြစ်ပြီး ယ​နေ့အထိ သေဆုံးလူနာစုစုပေါင်းမှာ (၂၁၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၄) ဦး၊ Positive Medical Centre များတွင် (၅၇)ဦး၊ ဘောလခဲမြို့နယ်တွင် (၁၉၆)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၉၀)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၅၄)ဦး၊ ဖရူဆိုမြို့နယ် ဆေးရုံတွင်(၅)ဦး၊ ရှားတောမြို့နယ်တွင် (၅၂)ဦးနှင့် မိုးဗြဲဆေးရုံတွင် (၁)ဦး ​စုစုပေါင်းလူနာ (၆၁၉) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)