၂၀၂၂‌ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမမြောက်နေ့ သမိုင်း ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

လွိုင်ကော် ဧပြီ ၈

၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အဌမနေ့တွင် သမိုင်းဘာသာရပ်ကို ကယားပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြင့်  ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး ယနေ့သမိုင်းဘာသာရပ်အား ဖြေဆိုရန် စာရင်း ပေးထားသူ (၂၈၈)ဦး အနက် ဖြေဆိုသူ (၂၀၉) ဦးရှိပြီး ပျက်ကွက်သူ(၇၉)ဦးရှိသည်။ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်လူနာ ဆေးရုံဖြေ(၁)ဦး ရှိကြောင်းနှင့် ပြည်နယ်တစ်ခုလုံးအနေဖြင့် ယနေ့ သမိုင်းဘာသာရပ်  ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃)  ရာခိုင်နှုန်းရှိကြောင်း ပြည်နယ် ပညာရေး မှူးရုံးမှ သိရှိရသည်။

စာမေးပွဲဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်း /စည်းကမ်းများနှင့်အညီ နှာခေါင်း စည်းများ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကဒ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ/ဆရာမ များက စနစ်တကျ စစ်ဆေးခြင်းများ၊  စာမေးပွဲအား အဆင်ပြေ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဇင်(လွိုင်ကော်)