မယ်စဲ့ ဧပြီ ၁၇
၁၃၈၄ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သက်ကြီးဘိုးဘွားများအား ရှိခိုး ကန်တော့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးအောင်ကျော်သန်းက သက်ကြီးဘိုးဘွားများအား ကန်တော့ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဂါရဝပြုရှင်းလင်းပြောကြားပြီးနောက် အဖိုးအဖွားများအား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် လှူဒါန်းပူဇော်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် သက်ကြီးပူဇော်ပွဲကို နှစ်စဉ်မပျက်ကျင်းပခဲ့ရာ ယခုနှစ်တွင် အဖိုး ၅ ဦး အဖွား ၁၄ ဦး၊ စုစုပေါင်း ၁၉ ဦးအား တစ်ဦးလျှင် လှူဖွယ်ဝတ္ထုပစ္စည်း တန်ဖိုးကျပ် ၃၂၀၀၀ ကို လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)