မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား စတင်ဖြေဆို
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စာစစ်ဌာန (၅)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန အသီးသီးတွင် ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။