G12 စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးလျက်ရှိရာ ဟိုပင်မြို့တွင် မြန်မာစာဘာသာလာရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ရှိ

ဟိုပင် ဇွန်လ ၁၆

၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် G12စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးလျက်ရှိရာ ဟိုပင်မြို့တွင် ယနေ့ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှစတင်ကျင်းပရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား လာ‌ရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ထိရှိခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား၊မ ပေါင်း (၃၉၆) ဦး ရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျား၊ မ ပေါင်း (၃၈၆) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၀) ဦးရှိသဖြင့် စာမေးပွဲဖြေဆို မှုရာခိုင်နှုန်း (၉၇.၄၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ G12 စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးခြင်းကို ဇွန်လ ၁၆ ရက်နေ့မှ ၂၁ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဟိုပင်မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး (ပြန်/ဆက်)