မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား စတင်ဖြေဆို

မြစ်ကြီးနား ဇွန် ၁၇

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စာစစ်ဌာန (၅)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန အသီးသီးတွင် ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ စာရင်းရှိဦးရေ (၃၂၃၅) ဦးရှိသည့်အနက် ပထမနေ့ မြန်မာစာဘာသာရပ်တွင် (၃၂၀၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ စုစုပေါင်း (၂၇) ဦးရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတွင် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သကဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)