ဖားကန့်မြို့နယ်တွင် (၂၀၂၅) ခုနှစ်တွင်ပြန်လည်ကျင်းပသည့်တက္ကသိုလ်ဝင်စာ‌မေး‌ပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ဖားကန့် ဇွန် ၁၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ (၂၀၂၅) ခုနှစ်တွင်ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက် နံနက် (၉) နာရီက ဖြေဆိုလျက်ရှိရာ မြို့နယ်ရှိစာစစ်ဌာန (၂) ခုတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စာစစ်ဌာန (၂) ခုရှိရာ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနမှ ကျောင်းသားကျောင်းသူ (၂၈၁) ဦးနှင့် ကာမိုင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနမှ ကျောင်းသားကျောင်းသူ (၁၄၂) ဦးရှိပြီး စာစစ်ဌာ (၂) ခုမှ စုစုပေါင်း ကျောင်းသားကျောင်းသူ စုစုပေါင်း (၄၂၃) ဦး ဖြေဆိုကာ စာဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈) ဒဿမ (၁၄) ရာနှုန်းရှိကြောင်း သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့်‌ ကျောင်းသား/ကျောင်းသူများ တည်ငြိမ်းအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းတွင် ကျောင်းပြင်၌ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)