ကချင်ပြည်နယ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ယူရီးယားမြေဩဇာများ မိုးကောင်းမြို့နယ်သို့ရောက်ရှိ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Dr Fasal Urea နိုက်ထရိတ် ၄၆ ရာခိုင်နှုန်းတံဆိပ်ပါ ယူရီးယားမြေဩဇာများသယ်‌လာသည့် တပ်မတော်ယာဉ်တန်းများ မိုးကောင်းမြို့နယ်သို့ ယမန်နေ့ ညနေပိုင်းတွင်ရောက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်ကြီးနားမြို့၌ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ (၂/၂၀၂၆)သို့ တက်ရောက်

စက်သုံးဆီအရောင်းဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်သုံးဆီများ စနစ်တကျကိုင်တွယ်ထိန်းသိမ်း တတ်စေရန်ရည်ရွယ် ဖွင့်လှစ်ခဲ့သော စက်သုံးဆီကိုင်တွယ် ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ (၂/၂၀၂၆) ကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကြီးကြပ်စစ်ဆေးရေးရုံး ခန်းမ၌ ကျင်းပသည်။

ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ငါးမိုင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မြစ်ကြီးနားမြို့၌ အခြေခံတိုင်းရင်းဆေးပညာ သင်တန်းဖွင့်လှစ်ပေး

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးနိုင်ရေး၊ ပြည်သူလူထုအတွင်း တိုင်းရင်းဆေးပညာအခြေခံများ စိမ့်ဝင်ပျံ့နှံစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့၌ (၃) ရက်ကြာ ဖွင့်လှစ်သွားမည့် အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ၊ မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့် အဆိုတစ်ခုထပ်မံတင်သွင်း

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ဇွန်လ ၉ ရက်နေ့နံနက် (၁၀) နာရီက သွင်းအားစုဓာတ်မြေဩဇာများပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်စခန်း (၇) ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ရေကြီးမြင့်မှ ကာကွယ်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး‌ခဲ့ကြသည်။

မိုးကောင်းမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း ဆင့်ပွားသင်တန်းပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း ဆင့်ပွား သင်တန်းကို အ.ထ.က-၂ ရတနာခန်းမ၌ ဇွန်လ(၁၀)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများ ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီက သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်