မိုးညှင်း ဇွန် ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီက သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာ (သွင်းအားစု)များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ သမဝါယမအသင်းသားတောင်သူများအား ပုဂ္ဂလိကအရောင်းဆိုင်များနှင့် ချိတ်ဆက်၍ တောင်သူများ စိတ်ကြိုက်လိုအပ်သည့် သွင်းအားစုဓာတ်မြေဩဇာများအား မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း (၅) သင်းမှ စိုက်ဧက (၆၉၅) ဧကအတွက် ငွေကျပ် သိန်း(၁၅၀၀)နှင့်ညီမျှသော သွင်းအားစုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း