ကချင်ပြည်နယ်

မိုးကောင်းမြို့ Community Centre ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းအခမဲ့ ဆက်လက်သင်ကြားလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းကို ဧပြီလ(၂၃)ရက်မှ မေလ(၂၃)ရက်နေ့ထိ အခမဲ့ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဟဲလုံခေတ်မီစံပြကျေးရွာရှိ သီရိရတနာခန်း၌ ဖွင့်လှစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မချမ်းဘောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုး‌မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး၊ ဆီမုန်ညင်းစိုက် လယ်ဧက ၄၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ

မြန်မာပြည်မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင် စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၈) နာရီက မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဖားကန့်မြို့၌ ၂၀၂၅ခုနှစ် ပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား/ကျောင်းသူများ စခန်းသွင်းလေ့ကျင့်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား/ ကျောင်းသူများအား‌ မေလ(၅)ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မချမ်းဘောမြို့ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်အစားအစာများပေးအပ်

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ၏လှူဒါန်းမှုဖြင့် မချမ်းဘောမြို့ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မချမ်းဘောမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဂူဘားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ် နွေစပါးစိုက်ခင်းအတွင်း တောင်သူအသိပညာပေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၃ ရက် နံနက်ပိုင်းက ပူတာအိုမြို့ မတ်ပန်ကွင်း၌ ကျင်းပပြုလုပ်သည့် နွေစပါးစိုက်ခင်းအတွင်း ဓာတ်မြေဩ‌ဇာနှင့်သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ဆီမုန်ညှင်းမျိုးစေ့ အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ Grade-12 သင် ဆရာ/ဆရာမများအား ဒုတိယအကြိမ် TOT ပြန်လည်ဆွေးနွေးပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရာ၌ အထောက်အကူဖြစ်စေရေအတွက် Grade-12 သင် ဆရာ/ဆရာမများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခများမှ Online Zoom ဖြင့် ဒုတိယအကြိမ် TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဆွေးနွေး ပို့ချလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ ဒေသဝမ်းစာဖူလုံရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် တိုးချဲ့ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဒေသဝမ်းစာဖူလုံ‌စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့ သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade-12 သင်ဆရာ၊ ဆရာမများအား TOT ပြန်လည်ပို့ချ

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade-12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoomဖြင့် Teacher Of Training -TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ထပ်မံဆောင်ရွက်လျှက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌ တက်‌ရောက်သင်ယူကြောင်း သိရသည်။

ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီး​​ကြပ်ရေးအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် တွေ့ဆုံ၊ အာဟာရဖြည့်အစားအစာများပေးအပ်

ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၁၃)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်အစားအစားများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်