ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဖြစ်သည့် တနိုင်းခရိုင်၊ တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။