ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်း ပူတာအိုမြို့ရှိ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာနှင့် ပရဟိတကျောင်းများသို့ ဆန်၊ ဆီ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ပံ့ပိုးငွေပေးအပ်လှူဒါန်း
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၁၂)ရက် နံနက်(၈)နာရီခွဲက ခါကာဘို ဘိုးဘွားရိပ်သာ၊ မေတ္တာအိမ်မိဘမဲ့ဂေဟာ၊ ပရဟိတကျောင်းသွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ဆီ၊အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ပံ့ပိုးငွေများ ပေးအပ်လှူဒါန်းခဲ့သည်။