ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းပြီးစီးမှု၊ နွေစပါးသီးနှံစိုက်ပျိုးမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးနှင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီကြိတ်စက်များ အဆင့်မြှင့်တင် တိုးတက်လာနိုင်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။