မြစ်ကြီးနား မေ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန/ အဖွဲ့အစည်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့၏ (၁၉-၅-၂၀၂၅) ရက်နေ့မှ (၂၀-၅-၂၀၂၀၅)ရက်နေ့အထိ (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းလမ်းညွှန်မှာကြားချက်များအပေါ် အလေးထားလိုက်နာ၍ ရည်မှန်းချက်ပြည့်မီအောင်အားလုံးက ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါ အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် လုပ်ငန်းများအရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးနှင့် ရန်ပုံငွေ များကို အောက်ခြေလုပ်ငန်းဆောင်ရွက်သူများ လက်ဝယ်အရောက် ချထားပေးနိုင်ရေး၊ စီမံခန့်ခွဲရန် ကျန်ရှိသည့် ရန်ပုံငွေများကို ကွင်းဆင်းဆောင်ရွက်၍ အကျိုးရှိထိရောက်မြန်သည့် လုပ်ငန်းများတွင် ထပ်မံချထားပေးနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအရ လုပ်ငန်းစီမံကိန်းများ ရွှေ့ပြောင်းပေးနိုင်ရေး စနစ် တကျစီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ပြည်နယ်အဆင့် ကော်မတီက လုပ်ငန်းစီမံကိန်းအလိုက် ချေးငွေချထားလည်ပတ်လျက်ရှိ ရန်ပုံငွေများ၊ ပြည်နယ်ကော်မတီက စီမံခန့်ခွဲရန် ကျန်ရှိသည့် ရန်ပုံ ငွေများနှင့် ရန်ပုံငွေတင်ပြတောင်းခံထားသည့် လုပ်ငန်းစီမံကိန်းအလိုက် ဆုံးဖြတ်ချထားပေးရမည့် ကိစ္စရပ်များကိုတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းစီမံကိန်းများအလိုက် ချေးငွေထပ်တိုးတောင်းခံတင်ပြ လာမှုများအပေါ် ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေများကို အသီးသီးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ငွေကြေးချထားပေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် က လုပ်ငန်းစီမံကိန်းအလိုက် ရန်ပုံငွေများ စနစ်တကျ ချထားပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်