၂၀၂၄-၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံများဖြစ်သော ဆီထွက်သီးနှံနှင့် ပဲအမျိုးမျိုး ဧက (၁) သိန်းကျော် ရိတ်သိမ်းပြီးစီး

မြစ်ကြီးနား မေ ၂၁

၂၀၂၄- ၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲအမျိုးမျိုးစုစုပေါင်း (၁၄၆၄၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ဧပြီလကုန်အထိ ဧက (၁)သိန်းကျော် ရိတ်သိမ်းပြီးစီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်းနှင့် ပဲပုပ်၊ မတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ မြေထောက်ပဲ၊ ပဲလွမ်း၊ ပဲတီးစိမ်း၊ ပဲနောက်နှင့် အခြားပဲ စသည့် ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စုစုပေါင်း (၁၄၆၄၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ဧပြီလကုန်အထိ ဆီထွက်သီးနှံနှင့်ပဲအမျိုးမျိုး စုစုပေါင်း (၁၄၄၁၂၉) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသော အဆိုပါသီးနှံများအား မေလကုန်ခန့်တွင် ရာနှုန်းပြည့် ရိတ်သိမ်းသွားနိုင်မည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂၃၈၇၁)ဧကနှင့် ငရုတ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး စသည့်စားဖိုးဆောင်သုံးသီးနှံအမျိုးမျိုး (၄၉၁၆၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)