ရွှေကူမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရွှေကူ မေ ၂၃  

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်မှစတင်၍ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ သင်ယူခဲ့ကြသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း (  ၁၄၇၇၁  ) ဦးရှိခဲ့ပြီး  မေလ ၂၂ ရက်နေ့ ကျောင်း စတင်လက်ခံသည့်နေ့အတွင်း ကျောင်းသားဦးရေ( ၂၅၀၄)ဦး လာရောက်အပ်နှံခဲ့ကြပြီး ယခုနှစ်အတွင်း ကျောင်းထွက်သူမရှိစေရေးနှင့် မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ ပြီးမြောက်အောင်ပညာသင်ကြားနိုင်ရေးစီမံဆောင်ရွက်ထားရှိကြောင်း၊ မေလ(၂၂)ရက်နေ့မှစ၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့် အညီ (KG အတန်းမှ  Grade-12 အတန်းထိ) သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ အား နိုင်ငံတော်က ပုံနှိပ်စာအုပ် ၊ ဗလာစာအုပ်၊ ခဲတံ ၊ဘောပင်များကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်ဆက်)